ဘားအံ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီကစတင်၍ အမှတ်(၅)ရပ်ကွက်၊ သီရိရတနာလမ်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် ဆန် (၂၀)အိတ်၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-နှုန်းဖြင့် ကြက်ဥ (၁၂၀၀) လုံး၊ ဆီတစ်ဘူးလျှင် ငွေကျပ် ၂၆၀၀/- နှုန်းဖြင့် ဆီ (၆၀) ဘူးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူများ စားဝတ်နေရေး ပြေလည်စေရေး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)