သတင်းများ

ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Oct 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး စာအုပ်များ  
မေတ္တာမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်စိုက်ပျိုးရာ စျေးကောင်းရရှိ
Oct 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဥယျာဉ်ခြံလုပ်ကိုင်သူတောင်သူများ မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ပျိုးပင်ရောင်းချရာတွင် စျေးကောင်းများရရှိခဲ့သည်။
ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (ပထမနှစ်) သင်တန်း (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ
Oct 14,2022
ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (ပထမနှစ်) သင်တန်း (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၅ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။
ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ Mask များစနစ်တကျတပ်ဆင်သွားလာစေရေး Mask Campaing ဆောင်ရွက်
Oct 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်သွားလာစေရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများနှင့် ဈေးဆိုင်များတွင် Mask Campaing ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖိနပ်၊ ခြင်းတောင်းရက်လုပ်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ အစည်းအဝေးခန်းမ၌ ဖိနပ်၊ ခြင်းတောင်းယက်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ငါ့သရောက်မြို့တွင် ( Mobile  Library ) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့  ငှားရမ်းပေး  
Oct 14,2022
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile  Library  စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လယ်ယာမြေ စီမခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၊ သရက်ပင်ကျေးရွာမှ(ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးမည့် တောင်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား
Oct 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အုန်းပင်ကျေးရွာအုပ်စု သရက်ပင်ကျေးရွာတွင် (ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးမည့်တောင်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ အခြေခံကွန်ပျူတာအသုံးချသင်တန်း အပတ်စဉ်(၂၃) ဖွင့်လှစ်
Oct 14,2022
အခြေခံကွန်ပျူတာအသုံးချသင်တန်းအပတ်စဉ်(၂၃)ကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)၌ ယနေ့နံနက် ၉ နာရီအချိန်ကဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးစောဟူးဟူး ကွန်ပျူတာကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။