ထန်းတပင်မြို့နယ်၊ သရက်ပင်ကျေးရွာမှ(ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးမည့် တောင်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား

ထန်းတပင်(ပဲခူး)   အောက်တိုဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အုန်းပင်ကျေးရွာအုပ်စု သရက်ပင်ကျေးရွာတွင် (ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးမည့်တောင်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကျော်မျိုးအောင်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးကိုကိုစိုးက ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် အုန်းပင်ကျေးရွာအုပ်စုသရက်ပင်ကျေးရွာတွင် (ဆီထွက်သီးနှံ)နေကြာစိုက်ပျိုးမည့် တောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်(၁၀၀)သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က ကျေးရွာတာ၀န်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)