ရှမ်းရွာသစ် အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်သွားလာစေရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများနှင့် ဈေးဆိုင်များတွင် Mask Campaing ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaing ဆောင်ရွက်မှုလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင် ရာဝန်ထမ်းများ ပူးပေါင်း၍ ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အပြင်မှပြန်လာတိုင်း လက်များကို အနည်းဆုံးစက္ကန့် (၂၀)ကြာဆေးကြောကြရန် စသည့်အသိပညာပေးအကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် Mask များမတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများအား Mask (၄၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် Mask နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး Mask Campaing ဆောင်ရွက်ခြင်းကို အပတ်စဉ်ကြာသပတေးနေ့တွင် ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)