မေတ္တာမြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်စိုက်ပျိုးရာ စျေးကောင်းရရှိ

ထားဝယ် အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ဥယျာဉ်ခြံလုပ်ကိုင်သူတောင်သူများ မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းသီးပျိုးပင်များကို အဓိကထားစိုက်ပျိုးလျက်ရှိရာ ပျိုးပင်ရောင်းချရာတွင် စျေးကောင်းများရရှိခဲ့သည်။

ကွမ်းသီးပျိုးပင်စိုက်ပျိုးရာမှာ အစေ့ကိုပျိုးပြီးအိတ်များဖြင့် စနစ်တကျ စိုက်ပျိုးရတယ်။ မြေသြဇာထည့်ပေးရပြီး ရေကိုလုံလောက်စွာ သွန်းလောင်းပေးရတယ်။ ကွမ်းသီးပျိုးပင်များကို တစ်နှစ်ကြာ  အောင် ပျိုးထားပေးရတယ်။ တစ်နှစ်ကြာအောင် ပျိုးပင်များ စိုက်ပျိုးထည့်ပေးပြီးမှ တစ်ပင်နှင့် တစ်ပင်(၅)ပေ အကွာမှာ ပြန်ပြီးစိုက်ထည့်ပေးရတယ်။ ကွမ်းသီးပင်များကို မိုးဦး (၁) ကြိမ်၊ မိုးနှောင်း (၁) ကြိမ် မြေသြဇာထည့်ပေးရတယ်။ (၇)နှစ်မှ(၈)နှစ်အကြာမှ ကွမ်းပင်များ စတင်အသီးသီးတယ်။ ကွမ်းသီးကို အောက်တိုဘာလနှင့် နိုဝင်ဘာလတွေမှာ အသီးများဆွတ်ခူးလို့ရနိုင်တယ်။ ကွမ်းပင်၏ ဘေးတစ်ဖက်တစ်ချက်မှာလည်း အခြားသီးညှပ်ပင်မျာလည်း စိုက်ပျိုးထားရတာတယ်။ သီးညှပ်ပင် ဆိုတာ သီဟိုဠ်ပင်များစိုက်ပြီး မိသားစုအပိုဝင်ငွေများရရှိတယ်ဟု ကွမ်းသီးခြံလုပ်ကိုင်သူ တောင်သူစောဇာလီထံ ပြောကြားသည်။

မေတ္တာမြို့တွင် ယခင်နှစ်က ကွမ်းသီးပျိုးပင်တစ်ပင်ကို ၂၅၀ ကျပ်ရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီး ပျိုးပင်တစ်ပင်ကို ၃၅၀ ကျပ်အထိရရှိပြီး ယခင်နှစ်က ကွမ်းသီးအလုံးတစ်လုံးလျှင် ၁၅ ကျပ် သာရရှိပြီး ယခုနှစ်အောက်တိုဘာလတွင် ကွမ်းသီးတစ်လုံးကို ၂၅ ကျပ်နှုန်း စျေးကောင်းရရှိကြောင်း ကွမ်းသီးပျိုးပင် စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။

ငွေဇင်ယော်(ထားဝယ်)