သတင်းများ

ကျွန်းလှမြို့နယ်၌ ကျောင်းပြင်ပလူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Oct 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းပြင်ပလူငယ်များအား ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်နှင့် (Mask)နှာခေါင်းစည်းများ(အခမဲ့) ဖြန့်ဝေ
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရွာမရပ်ကွက်၊ ပဲခူးလမ်းတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်နှင့်(Mask)နှာခေါင်းစည်းများ(အခမဲ့) ဖြန့်ဝေခဲ့ကြသည်။
ပေါက်မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်
Oct 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူငယ်လူရွယ်များနှင့် ကျောင်းသား/ ကျောင်းသူများ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလအတွင်း မိမိနှင့်ပတ်ဝန်းကျင်ရှိလူအများ၏ ကျန်းမာရေးကို တစ်ထောင့်တစ်နေရာမှကူညီစောင့်ရှောက်ပေးနိုင်စေရန် ရည်ရွယ်၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ် သင်ကြားပေးသည်။
ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ ၌ mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်း
Oct 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြှင့်မားလာစေရေးအတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့ နံနက် ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊
လဲချားတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အတတ်ပညာများ ပြည်သူလူထုအတွင်းသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် မတော်တဆထိခိုက်မှုများမှ ကာကွယ်နိုင်စေရန်ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး‌ရှေ့တွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသောပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွားပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။