ငါ့သရောက်မြို့ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လယ်ယာမြေ စီမခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့(Mobile Library)စနစ်ဖြင့် အခမဲ့ငှားရမ်းရခြင်းမှာ စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိတ်သတ်များ စာပေ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ ငါ့သ ရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာ စောင်များကို အခမဲ့ ငှားရမ်းပေးနေခြင်းဖြစ်သည်။ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ ကာတွန်းအပါဝင် စာအုပ်မျိုးစုံကို လာရောက် ငှားရမ်းသည့်အခါ စာဖတ်ပရိသတ်များအနေဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို (၄)ရက်မှ (၆)ရက်အထိ အခမဲ့ ငှားရမ်း ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့အပြင် မြို့ရုံး စာကြည့်တိုက်တွင်လည်း အသင်းဝင် လျှောက်ထားပြီး စာအုပ်၊ စာစောင်များကို အခမဲ့လာရောက် ငှားရမ်းကြည့်ရှုနိုင်ကြောင်းကိုလည်းပြောကြားခဲ့သည်။
ထို့သို့ (Mobile Library) စနစ်ဖြင့် သွားရောက်ကာငှားရမ်းခြင်းဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအနေဖြင့် စာပေနှင့် ဝေးကွာခြင်းမရှိဘဲ အဆင်ပြေစေရန်နှင့် အချိန်ကုန်သက်သာပြီး စာ ပေများဖတ်ရှုစေရန်ရည်ရွယ်ပြီး ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
P.W.A(ပြန်/ဆက်)