ချောက်မြို့၌ အသက်(၁၀)နှစ်ပြည့်မိန်းကလေးများ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ချောက် အောက်တိုဘာ ၁၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအသင်းတွင် ယ​နေ့နံနက် ၁၀နာရီအချိန်က အသက်(၁၀)နှစ်ပြည့် မိန်းက​လေးများအား သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို​ အောက်တိုဘာ ၁၈ ရက်​နေ့က စတင်ထိုးနှံ​ပေးလျက်ရှိသည်။

ထိုသို့သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေးထိုးနှံရာတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလတွင် ကာကွယ်​ဆေးတစ်ကြိမ်ထိုးနှံပြီး​ ကျောင်း​နေနှင့်​ကျောင်းမ​နေအရွယ် မိန်းက​လေးများအား ဒုတိယအကြိမ် ကာကွယ်​​ဆေးထိုးနံ​ပေးခြင်းဖြစ်ပြီး ကျောင်းအလိုက်ကာကွယ်​ဆေးထိုးမည့်ရက်ကိုသက်ဆိုင် ရာကျောင်းအုပ်များ၊ ပညာ​ရေးဌာနများနှင့်​ဆွေး​နွေးညှိနှိုင်း၍ သတ်မှတ်ထား​သောကာလအတွင်း မြို့နယ်မိခင်နှင့် က​လေး​စောင့်​ရှောက်​ရေးအသင်းတွင် အောက်တိုဘာ (၁၈)ရက် မှ​အောက်တိုဘာ(၂၄)ရက်အထိ နံနက် ၉နာရီ မှ​နေ့လယ် ၁၂နာရီ အထိ၊ နေ့လယ် ၂နာရီမှ ည​နေ၄နာရီအထိထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။ ယ​နေ့အထိ ဒုတိယအကြိမ်ကာကွယ်​ဆေးထိုးနှံပြီးသူ ၁၆၀ ဦးရှိ​ပြီး ကာကွယ်​​ဆေးထိုးရန် ကျန်ရှိ​သူများအား ကာကွယ်​ဆေးများကို ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)