ထားဝယ်မြို့၊ တဂူသိမ်းဈေးရှိများတွင်တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/ မရှိ ကြည့်ရှုစစ်ဆေး

ထားဝယ်    အောက်တိုဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ တဂူသိမ်ဈေးတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်း အဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ထားဝယ်ခရိုင် အစားအသောက် နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့်ဈေးဆိုင်များတွင် အစားအသောက်နှင့်အလှကုန်၊ လူသုံး ကုန်များတွင်IRမရှိသောကုန်ပစ္စည်းများရောင်းဝယ် မှုမရှိစေရေးအသိပညာပေးပြောကြားပြီးဆိုင်များမှ ​ပဲပြား၊ ခေါက်ဆွဲ၊ ပဲပင်ပေါက်ချဉ်၊ မုန်ညင်းချဉ်စသည့် စားကုန် နမူနာများအားဖော်မလင်၊ ဘိုးရက်စ် နှင့် ခွင့်မပြုဓာတုပစ္စည်းများ ပါဝင်ခြင်းရှိ/မရှိနှင့်ပုဇွန်ငပိတွင် ခွင့်မပြုဓာတုဆိုးဆေး ရှိ/မရှိကို ခွင့်မပြု ဓာတု ဆိုးဆေးများရှိ/မရှိကို  ‌ရွေလျားဓာတ်ခွဲယာဥ််ရှိတစ်ခါသုံးဓာတ်ခွဲပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍D.D.P.C CCC၊ ရှုခင်းဆန်းသစ်နှင့်အလှသစ်ဈေးဝယ်စင်တာများတွင် Ethylene Oxide ပါဝင်မှုသည်သတ်မှတ် ပမာဏ ထက်များနေကြောင်း​တွေ့ရသည်ဟု​ကြေညာထားသည့်အင်ဒိုနီးရှားနိုင်ငံ ထုတ်MievSedaap ကုန်အမှတ်တံဆိပ် (အသင့်စားခေါက်ဆွဲ​ခြောက်)စားသောက်ကုန်များ​​ဖြန့်​ဖြူး ရောင်းချခြင်းရှိ /မရှိရှောင်တခင် ​ဈေးကွက်ထောက်လှမ်းစစ်ဆေးခဲ့ပြီး င​ရုတ်ခွဲ​​ခြမ်းမှုန့်နှင့်အ​လှော်မှုန့်များတွင် ခွင့်မပြုဓာတုဆိုးဆေးများပါဝင်ခြင်းရှိ/မရှိအားတိုင်းရုံး(ထားဝယ်) ဓာတ်ခွဲခန်းတွင် စစ်ဆေး​​ထားရှိကာ aflatoxinမှိုဆိပ်ရှိ/မရှိစစ်​ဆေးရန်နေပြည်တော်ဓာတ်ခွဲခန်းသို့နမူနာများပို့ထားရှိကြောင်း သိရသည်။

ယင်းနောက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ဆိုင်ရှင်များနှင့်ဈေးဝယ်သူများအား ကျန်းမာရေး ထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရမည့်အချက် ၅ ချက်ပါဝင်သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)