သတင်းများ

သံတောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲဆောင်ရွက်
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများအနေဖြင့်အသိပညာပေးဗဟုသုတတိုးပွားစေရန်မူးယစ်ဆေးဝါး၏ဆိုးကျိုးများသိရှိစေရန်၊စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်ရည်ရွယ်ပြီးမူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင် ပြပွဲကိုယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲနှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     
ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်အတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
Oct 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲက ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်ဝင်းအတွင်း ခြင်းဆေးဖျန်းခြင်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းဆောင်ရွက်
Oct 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌  ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်လာစေရန်၊ အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့သည်။
ကရသူရိမြို့တွင် ရာသီပေါ်ကွမ်းသီးဈေးကောင်းရရှိ၍  ခြံပိုင်ရှင်များဝင်ငွေကောင်း
Oct 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် နှစ်ရှည်သီးနှံဖြစ်သည့် ကွမ်းသီးပင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ရာသီပေါ်ကွမ်းသီးဈေးကောင်းရရှိ၍  ခြံပိုင်ရှင်များဝင်ငွေ ကောင်းလျက်ရှိကြောင်းသိရသည်။
ကွတ်ခိုင်မြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာမြင့်သန်း ရေးသားထားသည့် ''အိပ်စက်ခြင်းနှင့်ကျန်းမာရေး''စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။