သံတောင်ကြီးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲဆောင်ရွက်

သံတောင်ကြီး အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများအနေဖြင့်အသိပညာပေးဗဟုသုတတိုးပွားစေရန်မူးယစ်ဆေးဝါး၏ဆိုးကျိုးများသိရှိစေရန်၊စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်ရည်ရွယ်ပြီးမူးယစ်းဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင် ပြပွဲကိုယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက မူးယစ်ဆေးဝါး ၏ ဆိုးကျိုးများ၊အရက်အန္တရာယ်၊ ကော်ရှူခြင်းအန္တရာယ်၊ ကွမ်းစားခြင်း၏ ဆိုးကျိူးများ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်သည့် သမိုင်း ကြောင်းနှင့် ကမ္ဘာအနောက်နိုင်ငံများရင်ဆိုင်နေရသောမူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဉပဒေများနှင့်ပြစ်မှု ပြစ်ဒဏ်များစသည်တို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။          

ဆက်လက်ပြီး စာအုပ်စာစောင်ပြပွဲကို ဆက်လက်ပြသဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများက လာရောက်ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

နော်နော်မူ