ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲနှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းရွာသစ်   အောက်တိုဘာ   ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ စသည့် ကိုဗစ်-၁၉ရောဂါအန္တရာယ်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ကျောင်းသား/သူများ ဗဟုသုတရရှိရေးအတွက် ဟောပြောခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအတွက် လူထုအခြေပြုဗဟိုဌာနတွင် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)