ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံပညာသင်တန်းအခမဲ့ဖွင့်လှစ်
Oct 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွန်ပျူတာအခြေခံပညာသင်တန်း ၁/၂၀၂၂သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သူဇာအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာမှဒေါ်နန်းအုံမာအုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။