ဖြူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ပေးနေကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးစွမ်းရည်ရှိစေရေးအတွက် ရည်ရွယ်ကာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။