မင်္ဂလာဒုံ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ ရတနာဈေး၌ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေကြသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဝင်းမာဦးစီး၍ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စျေးတာဝန်ခံများက စျေးဝယ်လာ ပြည်သူများအား Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)