သတင်းများ

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ပြသ
Nov 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က အောက်မင်္ဂလာရပ်ကွက် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်
Nov 12,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင့်ရိုးရာဒုံး အကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိရာ ယခင်နှစ်များထက် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပိုများပြီး ပြိုင်ဆိုင်မှုကောင်းမွန်ကာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက သီရိကွင်းဒုံးစင်မြင့်ထက်၌ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသည်။
ဘားအံမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေမှ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဒေသအတွင်းဆန်နှင့်ဆီ စားသုံးမှုဖူလုံ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်အတွက် ကုန်ကြမ်းများ ဝယ်ယူကြိတ်ခွဲရန် ရည်ရွယ်ချက်ဖြင့် “စမ်းပွင့်” ဆီစက်လု်ပငန်းရှင်များ သမဝါယမအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းများသို့ ထောက်ပံ့ချေးငွေများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကရင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Nov 12,2022
မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဌာန်းကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ ယမန်နေ့နံက်(၇)နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၊ မဟာဝိဇယရံသီတန်း ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Nov 12,2022
၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကန်ကြီးကျောင်း၌ ကျင်းပသည်။
မိုင်းပျဉ်းမြို့ မိခင်နှင့်ကလေးမူကြိုကျောင်းမှ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းဆောင်ရွက်
Nov 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေးမူကြိုကျောင်း၏ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မဟာသတိပဋ္ဌာန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Nov 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ရုံး၊ မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centr e ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာဖတ်ဝိုင်း၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ပြသခဲ့သည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Nov 12,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ အခမ်းအနားမှူးသင်တန်း အား ယမန်နေ့ နံနက်( ၁၀ )နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။