မေတ္တာ နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားထုတ်ဝေထားသည့်”လူကြီးတွေက စပြင်ပါစာအုပ်ဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်အေးအေးချိုကဦးစီးဌာန၏ ရည်ရွယ် ချက်များဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်နှင့်အညီ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ပေးလျက်ရှိရာစာပေဝါသနာရှင်အချင်းချင်းမှ အသိပညာဗဟုသုတများ ရရှိသောအတွေးခေါ်အသိ အမြင်များအားတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးဖလှယ်စေခြင်း၊ လူငယ်လူရွယ်များမှ ဆွေးနွေးတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု အလေ့ အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာစောင်များအပေါ်စိတ်ဝင်စားမှုရရှိစေရန် စသည့်ရည်ရွယ်ချက် များဖြင့် အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းဝင်များက စာအုပ်ပါ "လူကြီး တွေက စပြင်ပါ"ခေါင်းစဉ်ပါအသိပညာဗဟုသုတရရှိစေမည့်အကြောင်းအရာများကိုလည်းကောင်း၊ "ဘဝထဲကပညာ"ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်းကောင်း၊ "လောကကိုအကောင်းမြင်ကြည့်ခြင်း ခေါင်စဉ်ပါကြောင်းအရာများကိုလည်းကောင်း ဖတ်ကြားပြီးအပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
အေးအေးချို(မေတ္တာ)