မော်လမြိုင် နို၀င်ဘာ ၁၄
မော်လမြိုင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို ယမန်နေ့က အမှတ်(၁) ဈေးကြီးအတွင်း၌ စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေးလုပ်ငန်း၀န်ထမ်းများက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါက လဲလှယ် တပ်ဆင် အသုံးပြုစေရေး မီးဘေးလုံခြုံရေးအတွက် ဈေးအတွင်းအမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရေး မီးသတ်ဆေးဘူးများ၊ ရေပုံးများ၊ မီးချိတ်၊မီးကပ်၊သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ပါကြောင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားလာပါက သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနသို့ချက်ချင်း သတင်းပေးပို့ကြရန် ကွင်းဆင်း စစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်