ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန  Community Centre ၌ (၁၀၂)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၄

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက်၊ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ယနေ့နံနက် ၁၀ နာရီက  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင် ဦးစီးမှူးက စာဖတ်ဝိုင်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမ ညွန့်ညွန့်(ကလော)က  စာရေးဆရာ ဖြိုးသာရရေးသားသော မြန်မာနိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့နှင့် ယှဉ်ပြိုင်မှုများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် စာဖတ်ဝိုင်းသို့  တက်ရောက်လာကြ‌သော စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး