ချောင်းဆုံ နိုင်ဝင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သီးနှံစိုက်ပျိုးရာသီအမီ စိုက်ပျိုးစရိတ်လုပ်ငန်း အဆင်ပြေစေရေးအတွက် ယနေ့နံနက်ကချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင်ဒေါင်းရပ်အရှေ့၊ ဒေါင်းရပ်အနောက်၊ ကရင်ဝင်းစိန်နှင့် စော်ကဲကျေးရွာရှိ တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇော်လေးက ချေးငွေထုတ်ချေးပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါကျေးရွာ(၄)ရွာရှိ ဆောင်းသီးနှံစိုက်ပျိုး တောင်သူ(၄၂)ဦးမှ နွေစပါး စိုက်ဧက(၁၄)ဧက ပဲမျိုးစုံစိုက်ဧက(၂၀၁)ဧကအတွက် စပါးတစ်ဧကလျှင် (၁)သိန်း၊ (၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ ပဲမျိုးစုံတစ်ဧကလျှင် (၁)သိန်းနှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေပေါင်း (၂၂၂)သိန်းထုတ် ချေးပေးခဲ့ကြောင်း မြို့နယ်ဘဏ်ခွဲမှသိရသည်။
ချောင်းဆုံပြန်/ဆက်