သာပေါင်း နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စကားထာဝှက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ချက်တိုးပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စကားထာဝှက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ချက်တိုးပြိုင်ပွဲများ ယှဥ်ပြိုင်ကစားကြပြီး အမျိုးသားနေ့နှင့်ပတ်သက်သော စာအုပ်၊ စာစောင်များအား ခင်းကျင်းပြသကြရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားကြသည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ၊ စကားထာဝှက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ချက်တိုးပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း