အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကော့မှူး နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်‌နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က  အမျိုးသားအောင်ပွဲနေ့သည် မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်ကို အခိုင်အမာဖော်ကျုးပြသနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာ့ပညာရေး ခရီးအတွက် မြန်မာနိုင်ငံကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ပြီးနောက်နယ်ချဲ့အစိုးရသည် ကိုလိုနီပညာရေးစနစ်ကို သွတ်သွင်းလာခဲ့ကြောင်း၊ ကိုလိုနီပညာရေးစနစ်သည် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားအတွက် လိုအပ်သည့် အောက်ခြေဝန်ထမ်းများ မွေးထုတ်ပေးပြီး ၎င်းတို့ကို အလုပ်အကျွေးပြုနိုင်ရေးအတွက်သာ အဓိကရည်ရွယ်ခဲ့သည် ကျွန်ပညာရေးစနစ်ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာပညာရေးခရီးတို့အတွက် အရေးပါသော သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်းစသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ကျော်သူရ (ကော့မှူး)