ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများသို့စာအုပ်များအခမဲ့ငှားရမ်းပေး

ဖျာပုံ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့်​ မြို့ပေါ် ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာများသို့ စာအုပ်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile စနစ်ဖြင့်စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာ ရရှိစေမည့်စာအုပ်များကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာရှိ ပြည်သူများနှင့် ဖျာပုံခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနသို့ စာအုပ်များ အခမဲ့သွားရောက်ငှားရမ်း ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၁၉)ဦးတို့အား၊ သုတ(၂၀)အုပ်၊ ရသ (၃၀)အုပ်ကို အခမဲ့ငှားရမ်းပေးနိုင်ခဲ့သည်။ ထိုသို့ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်လျှင်တစ်ကြိမ် စာအုပ် စာစောင်အသစ်များဖြင့် အပတ်စဥ် လဲလှယ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)