မော်လိုက် ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မှိုအမျိုးမျိုးစိုက်ပျိုးနည်းလက်တွေ့သရုပ်ပြသခြင်းကို ဇူလိုင်လ(၁၇)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိန်ဦးက မှိုစိုက်ပျိုးနည်းအဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့သရုပ်ပြသ စိုက်ပျိုးခဲ့ကြပြီး ထိုသို့သရုပ်ပြသနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုထက်(ပြန်/ဆက်)