သရက်မြို့၌ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေး

သရက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(ရွှေဘုံသာ)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျသွားတိုက်နည်းအကြောင်းနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ ခြင်ကျားနှင့် ပိုးလောက်လမ်းနှိမ်နှင်းပေးမှုအကြောင်းတို့ကို ဆွေးနွေးပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ လယ်ပင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)