နတ်တလင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ

နတ်တလင်း ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့ စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁နာရီက ကုန်းသာကျေးရွာ ဘုန်းဝောာ်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ၊ကျေးရွာသားများ (၃၀၀)ဦးခန့်တက် ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးကျော်ကျော်ဦးကအဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့ စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ် ချက်ကိုရှင်းလင်း ပြောကြား၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး၊မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇေယျ၊  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးအောင်ကိုမင်း တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ၊ အကြံပြုလိုသည်းများကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)