သရက် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုဉ္ဇလီကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးက ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်မြေစာရင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က အိမ်ထောင်စု (၉၅) ဦးအား ကျေးရွာမြေငှားဂရန်များကို လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)