ချမ်းမြသာစည်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်
Mar 06,2023
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ စာရေးသူ အောင်မိုးထက်၏ "အောင်မြင်မှုဆီရောက်တဲ့အခါ" စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက် တွင် ကျင်းပပြုလုပ်ခဲ့သည်။