ချမ်းမြသာစည် မတ် ၆
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ စာရေးသူ အောင်မိုးထက်၏ "အောင်မြင်မှုဆီရောက်တဲ့အခါ" စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက် တွင် ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်း၀င်းက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမင်းဏီလူ၊ အဖွဲ့၀င်ဆရာလွတ်လပ်ငြိမ်းတို့က စာအုပ်တွင်ပါရှိသည့် အောင်မြင်မှု၏ စစ်မှန်သော အဓိပ္ပာယ်ဟာ ဘာလဲ၊ အောင်မြင်မှုကို ဆက်လက်တည်တံ့နိုင်စေဖို့ စသည့်ခေါင်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က အောင်မြင်မှုကို မုဒိတာပွားနိုင်သော စိတ်ထားခေါင်းစဉ်ကိုလည်းကောင်း၊ စာကြည့်တိုက်မှူး ဒေါ်ခိုင်ခင်ဦးနှင့် ရုပ်/သံကျွမ်းကျင် (၃) ဒေါ်ညိုညို၀င်းတို့က အောင်မြင်မှုဆီရောက်တဲ့အခါ ခေါင်းစဉ်ကိုလည်းကောင်း ဖတ်မှတ် ဆွေးနွေးခဲ့ကြသည်။ ဖတ်မှတ်ဆွေးနွေးချက်များအပေါ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ဆရာမင်းဏီလူက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)