ညောင်ဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မီလောင်ဖျားအုပ်စု၊ မီးလောင်ဖျားတောင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေနှင့် ဆန်ရိက္ခာထောက်ပံပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ဖျားအုပ်စု၊ မီးလောင်ဖျားတောင်ကျေးရွာသည် မတ်လ ၄ ရက်၊ နံနက် ၃ နာရီအချိန်ခန့်က မီးလောင်မှုကြောင့် အိမ်ထောင်စု(၃)စု၊ မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၃၀၀၀၀၀) သိန်းကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၁၈၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၃) အိမ်ထောင်စာ ပစ္စည်းများအား၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ ပေးအပ်ခဲ့ကြောင်သိရသည်။
ဒီပါလင်း