တောင်တွင်းကြီးမြို့တွင် တရားမဝင်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်ချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး မတ် ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ပေါ် (၁၀)ရပ်ကွက်နှင့် မြို့မဈေး အတွင်းအပြင်တို့တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များအား တရားမဝင် ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးအောင်ခိုင်၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဒေါ်ဌေးဌေး၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့က တရားမဝင်‌ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိ မြို့ပေါ်(၁၀)ရပ်ကွက်အတွင်းရှိ ဆေးဆိုင်(၁၁)ဆိုင်အား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)