တောင်ကြီးမြို့နယ်၌ တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

တောင်ကြီး မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြ မည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးရန်တွင် မတ် ၁ ရက်နေ့ နံနက် ၉ နာရီမှ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ဆက်လက် ထုတ်ပေးလျက်ရှိသည်။

တောင်ကြီးမြို့နယ်၌ စာစစ်ဌာန (၁၅)ခု ဖွင့်လှစ်ထားကြောင်းဖြစ်ပြီး စာစစ်ဌာနများအဖြစ် မြို့ပေါ်၌ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)မှ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းများနှင့် စာစစ်ဌာနများ အလိုက် တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းတွင်းမှ ၄၄၄ ဦး၊ ပြင်ပမှ ၁၈၆၀ ဦး စုစုပေါင်း ၂၃၀၄ ဦးရှိသည့် မတ် ၈ ရက်အထိ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး မည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)