သတင်းများ

မုံရွာမြို့၌ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေမျိုးပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၈ ရက်နံနက် ၉ နာရီခွဲက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဟုမ္မလင်း၌ အမှိုက်များစနစ်တကျအမျိုးအစားခွဲခြားစွန့်ပစ်နည်း သရုပ်ပြပွဲပြုလုပ်
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်​ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍အမှိုက်အမျိုးအစားခွဲခြားစွန််ပစ်နည်း သရုပ်ပြပွဲကို အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြိုနယ်တွင် ရှေးဦးပြုစုခြင်း(‌အခြေခံ)ကြက်ခြေနီသင်တန်း ဖွင့်လှစ်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) ကြက်ခြေနီသင်တန်းကို အ.ထ.က(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆိတ်ချေးကုန်းကျေးရွာတွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယနေ့နံနက်(၈)နာရီက စိုက်ပျိုးခဲ့ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ မိုးရာသီရေဘေးကာကွယ်ရေးပစ္စည်းများ စုဆောင်းခြင်း အသိပညာပေးဟောပြော
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ မိုးရာသီရေဘေးကာကွယ်ရေး ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းစဥ်များ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြရှင်းလင်းခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စာဘူးတောင်းကျေးရွာအုပ်စု၊ အင်ကြင်းကွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ
Jul 08,2025
သမ‌ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။