သတင်းများ

ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းလုပ်ငန်းများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 08,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံနှင့် နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်
Jul 08,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် လက်ရွေးစင်ကစားသမားများ စိစစ်ရွေးချယ် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသော ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
အိမ်မဲမြို့၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၊ ဆပ်သွားခြုံကျေးရွာ အ-ထ-က (ခွဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 08,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဆပ်သွားခြုံကျောင်း၌ ကျင်းပသည်။
တာလေမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
Jul 08,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံဖွားဘုန်းတော်ကြီး HT.Thich Thien Tamနှင့် အဖွဲ့က အ.ထ.က (၁၄)မှ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ငွေများလှူဒါန်း
Jul 08,2025
မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ဗီယက်နမ်ဘုန်းတော်ကြီးအဖွဲ့က အလှူငွေများ လာရောက်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပါအထက်တန်းကျောင်း၌  ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို  ယနေ့နံနက် (၈) နာရီအချိန်က အဆိုပါကျောင်းရှိ  ဘုရားရှိခိုးဆောင်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ် ဖြစ်ထွန်း
Jul 08,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။