သတင်းများ

သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
Jul 08,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်လုံးဆိုင်ရာ လောကသယမ္ဘူစေတီတော်ကြီးတွင် အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်္ကန်း၊ ထီး၊ ယပ်၊ မျက်နှာကျက်နှင့် တံခွန်လုံးလှူဒါန်းပွဲကျင်းပ
Jul 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ လောကသယမ္ဘူ စေတီ တော်ကြီး၏ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက အကြိမ်(၄၀)မြောက် အသံမစဲမဟာပဋ္ဌာန်းပွဲ ပိတ်သိမ်းပွဲနှင့် တာဝတိံသာမြတ်စွာဘုရားအား ဝါဆိုကြာသင်္ကန်း၊ ထီး၊ ယပ်၊ မျက်နှာကျက်နှင့် တံခွန်လုံး လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 08,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နာဂ‌ဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းတက်ရောက်နေသည့် သင်တန်းသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ ခေါင်နှံမျိုးသန့်ရွေးချယ်စိုက်ပျိုးထားသည့် နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jul 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး  ရေအေးကျေးရွာစိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမအနီး၊ ကွင်းအမှတ် ၂၀၄၀၊ ခေါင်နှံမျိုးသန့် ရွေးချယ်စိုက်ပျိုးထားသည့် ဧက ၃၀ စိုက်ကွင်းအတွင်း၊ နွေစပါးနှံကောက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက တောင်သူ ဦးမြရွှေ၏ လယ်မြေတွင် ကျင်းပခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းနှင့် တောင်သူပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ညောင်တုန်းအိုင်၊ ညောင်ကုန်း၊ ရေအေး၊ တရော်ပင်အင်း၊  ကြံခင်းကုန်းကျေးရွာများမှ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရေဖြူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များတို့ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အနေဖြင့် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 08,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် အ.လ.ကကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍  ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။