မုံရွာမြို့၌ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်

မုံရွာ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေအသုံးချရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေမျိုးပိုးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က အမှာစကားပြောကြားပြီးနောက် သင်တန်းတွင် တိုင်းဒေသကြီး မြေအသုံးချရေးဌာနခွဲမှ တာဝန်ရှိသူများက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဆီလွှာအာဟာရ တိုးတက်ရေးဆောင်ရွက်ရမည့်နည်းလမ်းများ၊ သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲခြင်းနှင့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် အရာထမ်း၊ အမှုထမ်း ဝန်ထမ်း (၆၀) ဦး၏ သိလိုသည့်မေးမြန်းမှုများ ပြန်လည် ဖြေကြားပေးခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများက အဆိုပါတိုင်းဒေသကြီး မြေမျိုးပိုး ဌာနရုံးဝန်းအတွင်း မြေအသုံးချရေးဌာနခွဲမှ စိုက်ပျိုးထားသော ဝါသီးနှံတွင် သီးနှံအာဟာရဓာတ်ဖြည့်တင်းမှု စမ်းသပ်ကွက်အား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)