စစ်ကိုင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်း ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်၊ မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ အသုံးပြုခြင်းဆိုင်ရာဆင့်ပွား သင်တန်းများဖွင့်လှစ်ရေး၊ မဲပေးစက်များအား သယ်ယူပို့ဆောင်ရေးနှင့် စနစ်တကျသိမ်းဆည်းထားရှိရေး ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်