အိမ်မဲမြို့နယ်တွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

အိမ်မဲ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆိတ်ချေးကုန်းကျေးရွာတွင် မိုးစပါးရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ယနေ့နံနက်(၈)နာရီက စိုက်ပျိုးခဲ့ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့်ဝန်ထမ်းများက ဆိတ်ချေးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄-က)၊ ဦးပိုင်အမှတ်(၂၃/၁) ရှိ တောင်သူ ဦးအောင်သောင်း၏ လယ်(၂.၀၀)ဧက၌ ၂၀၂၅ ခုနှစ် မိုးစပါးရေ​ဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းအား ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များအား မိုးစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်​ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ ကြသည်။

ထို့နောက် ဇူလိုင်(၇)ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရေသိုးညောင်ဝိုင်းကျေးရွာတွင် ၂၀၂၅ ခုနှစ် မိုးစပါး(RS,CS) ဆင်းသုခ စပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း (၅.၀၀) ဧကအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်