မိုးနဲမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားထူးချွန်သော လူငယ်များပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် ဝါသနာပါရာကိုလေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သောလမ်းကြောင်းများ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။