ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများခင်းကျင်းပြသ

ညောင်ဦး ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ Aureum Palace Hotel ၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က Aureum Palace Hotel ရှိ ကျန်စစ်သားခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားသည်။ ပြီးနောက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ခင်ကျင်းပြ သထားသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံအသုံးပြုနည်းတို့ကို တာဝန်ရှိသူများက ရှင်းပြကြသည်။ ခရိုင်အဆင့် ရှာဖွေကယ် ဆယ်ရေးသင်တန်းအား (၁၂)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကာ ညောင်ဦးခရိုင်မီးသတ်ဦး စီးဌာန၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ သင်တန်းသား သင်တန်းသူများ၊ ကျောက်ပန်းတောင်းမြို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သင်တန်းသား သင်တန်းသူ(၅၀)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောကြားသည်။

ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)သို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်မီးသတ် ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်နှင့် ညောင်ဦး၊ ကျောက်ပန်းတောင်း မြို့နယ်မီးသတ်ဦးစီးမှူးများ၊ နယ်မြေမီးသတ်တာဝန်ခံများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း