ပန်းတနော် ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျက်သရေဆောင် ရှေးဟောင်း သမိုင်းဝင် ရွှေမြင်တင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန် ၉ ရက်၊ ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဗုဒ္ဓသာသနာစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုခြင်းနှင့် နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကတော့ကာ မြတောင်ဆရာတော် ဘုရားထံမှ သီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ် များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ဘုရားကြီးများထံမှ သြဝါဒခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး သိန်းဝင်းမှ သာသနာရေး ဆိုင်ရာကိစ္စရပ်များကို လျှောက်ထားတင်ပြခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုငွေများ ဆပ်ကပ် လှူဒါန်းခဲ့သည်။ အဆိုပါ ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ ပိုက်ကျော်ခြင်း၊ ဘောလီဘော စသည့်အားကစားပြိုင်ပွဲများနှင့် ညပိုင်းတွင် ဆိုင်းပွဲ၊ အငြိမ့်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ဖြိုးကျော်(ပြန်/ ဆက်)