လွိုင်ကော်မြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ပထမအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၂၇

၂၀၂၃ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးကို ကယားပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြီး မောင်မောင်ဦးက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးနိုင်နိုင်ဦးက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးအား ပြန်လည်ဖွဲ့စည်း၍ ကော်မတီအသီးသီး၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီအသီးသီးမှ မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား (၂၆)ကြိမ်မြောက် ပန်ချီး၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ၊ ပြိုင်ပွဲများအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သတ်မှတ်ထားသည့် ဆောင်ပုဒ်များနှင့်အညီ ပြိုင်ပွဲပြုလုပ်သွားမည်ဖြစ်ပြီး ဆောင်ပုဒ်များမှာ “မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပလူမူဘဝ”၊ ငါတို့ရဲ့အနာဂတ်သာယာလှပဖို့  မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ “ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”၊ “မိသားစုနွေးထွေမှုဖြင့် မိမိ၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့  (Photo Essay)’’၊ “လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” စသည်တို့ဖြစ်သည်။

 ပြိုင်ပွဲများတွင်  ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓါတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ အလွတ်တန်း အဆင့်ဖြင့်လည်းကောင်း၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ၃ ဆင့်ခွဲ၍လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်ဖြင့် ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)