မိုးနဲ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားထူးချွန်သော လူငယ်များပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် ဝါသနာပါရာကိုလေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သောလမ်းကြောင်းများ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ကြက်တောင်၊ အေရိုးဗစ်၊ မြန်မာ့သိုင်း အားကစားနည်းများကို စတင်သင်ကြား ပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသော လူငယ်များအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်းတွင် လာရောက်သင်ကြားနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)