ဂန့်ဂေါမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံပေး

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို အသက်(၅)နှစ် မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် နံနက်(၉)နာရီမှ (၁၂)နာရီထိ၊ နေ့လည်(၁)နာရီမှ (၃)နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း