သတင်းများ

မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌  စာရေးဆရာများနှင့် Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Feb 25,2023
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာများနှင့် Book Club အဖွဲ့ဝင်များ စုပေါင်း၍ ပျော်ရွှင်ခြင်း စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
လားရှိုးပညာရေးဒီဂရီကောလိပ် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Feb 25,2023
၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်များ အားကစားပွဲတော်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြု ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ် တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ပြုပြင်ခြင်းများ လုပ်ကိုင်ဆောင်ရွက်
Feb 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ (၁၅)ရက်နေ့က စတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပန်းတနော်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး
Feb 25,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းသည် ယမန်နေ့ မွန်းလွဲ ၄ နာရီက ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​​ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော်​စေတီ​တော်မြတ်ကြီး ​ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်တင်လှူ​ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားတက်​ရောက်
Feb 25,2023
မော်လမြိုင်မြို့၊ တောင်ဝိုင်း​တောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော် ​စေတီ​တော်မြတ်ကြီး ​ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်၊ တင်လှူပူ​ဇော်ခြင်း မင်္ဂလာအခမ်းအနားကို ​ယနေ့နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်​​ပေါ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူကလေးများ စာအုပ်ငှားရမ်းခြင်းနှင့် ပြတိုက်ငယ်အားလာရောက်လေ့လာ
Feb 25,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာအုပ်စာစောင်များ လာရောက်ဖတ်ရှုလေ့လာခြင်း၊ ငှားရမ်းခြင်းနှင့် ပြသထားသော ပြတိုက်ငယ် (Mini Museum) အား စာကြည့်တိုက်ဖွင့်ရက်များတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Feb 25,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက နတ်မောက်-မကွေး မြို့အဝင်ဂိတ်၊ နတ်မောက်-တောင်တွင်း မြို့အဝင်ဂိတ်နှင့် နတ်မောက်-ပျော်ဘွယ် မြို့အဝင် ဂိတ်တို့တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယနေ့အထိ ၄၂၀ ဧက ရိတ်သိမ်းပြီးစီး
Feb 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ဖူးစားပြောင်းသီးနှံစိုက်ဧက ၄၂၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။