လားရှိုးပညာရေးဒီဂရီကောလိပ် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၂၅

၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်များ အားကစားပွဲတော်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြု ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် () နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ် တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများက အောင်ပွဲရ အားကစားသမား များအား ပန်းပွားအကအဖွဲ့နှင့်အတူ ပန်းကုံးစွပ်ကြိုဆိုခဲ့ကြသည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ၂၀၂၂-၂၃ ပညာသင်နှစ်ပညာရေးဒီဂရီ ကောလိပ် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သော အားကစားသမားများနှင့် တစ်ဦးချင်းဆုတံဆိပ်များရရှိသောအား အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)