မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​​ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော်​စေတီ​တော်မြတ်ကြီး ​ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်တင်လှူ​ပူဇော်ခြင်း မင်္ဂလာ အခမ်းအနားတက်​ရောက်

မော်လမြိုင် ဖေ​ဖော်ဝါရီ ၂၅

မော်လမြိုင်မြို့၊ တောင်ဝိုင်း​တောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော် ​စေတီ​တော်မြတ်ကြီး ​ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်၊ တင်လှူပူ​ဇော်ခြင်း မင်္ဂလာအခမ်းအနားကို ​ယနေ့နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်​​ပေါ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက ဆရာ​တော်ကြီးများကို ဖူး​မြော်ကြည်ညိုခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ် ခဲ့ကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ အဘယသုတာရာမ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဂန္ထဝါစကပဏ္ဍိတ၊ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တသာသနအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြသည်။

ထို့​နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်​တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်​တော် စေတီ​တော်မြတ်ကြီး တွင် တင်လှူပူ​ဇော်မည့် ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်တို့အား ဆက်ကပ်ပူ​ဇော်ခြင်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ​ဆောင်ရွက်ခဲ့ကြကာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ​စေတီ​တော်​ပေါ်သို့ တင်လှူ ပူ​ဇော်မည့် ရွှေထီး​တော် ငှက်မြတ်နား​တော်၊ စိန်ဖူးတော် တို့အား စေတီ​တော် လက်ယာရစ် သုံးပတ်လှည့်လည်ပင့်​ဆောင်၍ မင်္ဂလာအချိန်တွင် ​ မင်္ဂလာ ရထားပျံဖြင့် ​စေတီ​တော်မြတ်ကြီး​ပေါ်သို့ ပင့်​ဆောင်ခဲ့ပြီး ဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ​ရွှေထီး​တော်၊ ငှက်မြတ်နား​တော်၊ စိန်ဖူး​တော်၊ တင်လှူပူ​ဇော်ခြင်းတို့ကို ​ဆောင်ရွက် ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများက ဆရာ​တော်၊ သံဃာတော်၊ အရှင်သူမြတ်များအား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)