သီပေါ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာအုပ်စာစောင်များ လာရောက်ဖတ်ရှုလေ့လာခြင်း၊ ငှားရမ်းခြင်းနှင့် ပြသထားသော ပြတိုက်ငယ် (Mini Museum) အား စာကြည့်တိုက်ဖွင့်ရက်များတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူလေးများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်ဖွင့်ချိန်၌ စာအုပ်စာစောင်များ၊ ဖတ်ရှုခြင်း၊ ငှားရမ်းခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်းများကို ကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လာရောက်၍ စာကြည့်တိုက်အား အသုံးပြုလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် အတွင်း ခင်းကျင်းပြသထားသော ပြတိုက်ငယ် (Mini Museum) မှ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများကို ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ရှင်းလင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)