ပန်းတနော်မြို့တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ကြည့်ရှုစစ်ဆေး

ပန်းတနော် ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းသည် ယမန်နေ့ မွန်းလွဲ ၄ နာရီက ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ လာရောက်စစ်ဆေးရာတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးစေရန်နှင့် အရည်အသွေးကောင်းမွန်စေရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္မဏီမှ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)