ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်လေ့လာကြည့်ရှု
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နေလယ်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့ တိုင်းဒေသကြီးအမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန အရောင်းဆိုင်ရှိ သင်တန်းသူများ၏ လက်မှုပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြသည်။